အော့တဝါ မတ် ၁၀
ကနေဒါဘဏ်အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်သူ မက်ကာနေး သည် ကနေဒါနိုင်ငံ၏ အာဏာရ လစ်ဘရယ်ပါတီ၏ ခေါင်းဆောင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုး၏ နေရာတွင် ဆက်ခံမည့်သူကို ရွေးချယ်ရန် မတ် ၉ ရက်က မဲရေတွက်မှုများ ပြုလုပ်ခဲ့သည်။ ဝန်ကြီးချုပ် ထရူးဒိုးသည် ကနေဒါအစိုးရအဖွဲ့ကို ၂၀၁၅ ခုနှစ် ကတည်းက ဦးဆောင်ခဲ့သူဖြစ်သည်။
ဝန်ကြီးချုပ် ထရူးဒိုး ရာထူးမှတရားဝင်နုတ်ထွက်ပြီးနောက်တွင် ကာနေးက ကနေဒါနိုင်ငံ၏ ဝန်ကြီးချုပ်သစ်ဖြစ်လာမည်ဖြစ်သည်။ ကာနေးသည် ကနေဒါမှ သွင်းကုန်များ အခွန်စည်းကြပ်မည့် အပေါ် တင်းတင်းမာမာရပ်တည်နေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့နှင့် ဆက်ဆံရေးတွင် စိန်ခေါ်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ကနေဒါနိုင်ငံမှ ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည်ဟု ထရမ့်က ကြေညာခဲ့ပြီး တရားမဝင်မူးယစ်ဆေးဝါးများကို ကနေဒါမှတစ်ဆင့် အမေရိကန်သို့ မှောင်ခိုတင်သွင်း နေကြောင်းလည်း ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ