အူလန်ဘာတာ မတ် ၁၀
မွန်ဂိုလီးယားနိုင်ငံတစ်ဝန်း ယခုနှစ်အစပိုင်းမှ စတင်ကာ သစ်တောနှင့်လွင်ပြင်မီးလောင်မှု ၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး သစ်တောနှင့် မြက်ခင်းပြင်ဧရိယာ ၇၁၄၉၅ ဟက်တာ မီးလောင်ခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားအရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီက မတ် ၁၀ ရက်တွင် ပြောကြားသည်။
တောမီးငြှိမ်းသတ်ရန်အတွက် လူအင်အား ၈၂၀ ခန့်နှင့် မီးသတ်ယာဉ် ၁၄၉ စီး ပါဝင်ခဲ့ကြောင်း အေဂျင်စီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သဘာဝတောမီးလောင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ပြည်သူများ၏ ပေါ့ဆမီးနှင့် မြက်များ နှင့် လယ်ယာစိုက်ပျိုးရေးအကြွင်းအကျန်များကို တမင်တကာမီးရှို့ခြင်းတို့ကြောင့်ဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။
မွန်ဂိုလီးယားနိုင်ငံ၏ နေရာအများစုတွင် ခြောက်သွေ့ပြီး လေထန်သော ရာသီဥတုအခြေအနေ များကြောင့် ၂၀၂၅ ခုနှစ် နွေဦးရာသီတွင် ရုတ်တရက်တောမီးလောင်မှုအန္တရာယ် မြင့်မားလာ နိုင်ကြောင်းနှင့် တောမီးများကို ကြိုတင်ကာကွယ်ရန် ပြည်သူများအား တိုက်တွန်းထားသည်။
ဆင်ဟွာ