မတ် ၁၁

 

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တွင် ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုကြောင့် ရဟတ်ယာဉ်ပေါ်ပါသုံးဦးစလုံး သေဆုံးကြောင်း ဒေသန္တရတာဝန်ရှိသူများက အတည်ပြုပြောကြားသည်။

 

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများတွင် ယင်းလေယာဉ်မှူးနှင့် ဆေးရုံအမှုထမ်းနှစ်ဦးတို့ ပါဝင်ကြောင်း ဒေသမီဒီယာက ဖော်ပြထားသည်။

 

အဆိုပါရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားချိန်က ရဟတ်ယာဉ်ပေါ်တွင် လူနာတစ်ဦးမျှမပါရှိကြောင်း မစ္စစ္စပီဆေးဘက်ဆိုင်ရာ စင်တာက အတည်ပြုပြောကြားသည်။

 

ထိုရဟတ်ယာဉ်သည် သစ်တောထူထပ်သောဒေသတွင် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို