နေပြည်တော် မတ် ၁၁

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ  မတ် ၃ ရက်မှ ၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀ ဒသမ ၀၉၄၀)   တန်၊ သစ်မာ (၁၀ ဒသမ ၁၄၅၂)  တန်၊ အခြား (၂၁ ဒသမ ၅၆၄၈)    တန်၊ စုစုပေါင်း (၄၁ ဒသမ   ၈၀၄၀)   တန်၊ ယာဉ်/ ယန္တရား (၃) စီး၊ တရားခံ (၁၀)  ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

(သတင်းစဉ်)