ရန်ကုန် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ကျောင်းပြင်ပ ပညာရေး ကျောင်းသား/သူများနှင့် ကျောင်းဆရာ/မများအတွက် အလှူငွေ၊ ဝတ်စုံနှင့်စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ်ရှိ လေ့ကျင့်ရေး အထက်တန်းကျောင်း(TTC)တွင်ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်နုနုဆွေက အဖွင့် အမှာစကားပြောကြားပြီး အလှူငွေ၊  ဝတ်စုံနှင့်စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ကြရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့် ဒုတိယဥက္ကဋ္ဌ ဒေါ်တင်တင်လတ်တို့က မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ လှူဒါန်းသော အလှူငွေ(၁၀)သိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်မော်မော်သန်း၊ ဥက္ကဌ ဒေါ်နုနုဆွေ၊ ခေတ္တအတွင်းရေးမှူး ဒေါ်စွဲ့ခင်မာဝင်းတို့က ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ လှူဒါန်းသော အဖြူအစိမ်းဝတ်စုံ (၈၈၉)စုံ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဗလာစာအုပ် (၁၇၇၅)ဒါဇင်နှင့် ခရိုင်အမျိုးသမီးရေးရာ အဖွဲ့များမှ ဘော(လ်)ပင်နှင့်ခဲတံများ၊ အလှူရှင်(၅)တို့ဦးမှ လှူဒါန်း ငွေကျပ် (၅,၉၉၅,၇၀ဝိ/-)တန်ဖိုးရှိ ဝတ်စုံများအား လှူဒါန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများက လက်ခံရယူကြသည်။ 

ထို့နောက် NFPE, NFME စခန်း(၅၂)ခုမှ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများက ကလေးများအတွက် ဒီနေ့" သီချင်းဖြင့် သံပြိုင်သီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

ယနေ့လှူဒါန်းသော ကျောင်းပြင်ပပညာရေး ကျောင်းသား/သူများနှင့် ဆရာများအတွက် ဝတ်စုံနှင့်စာရေးကိရိယာများ ထောက်ပံ့ပေးအပ်မှုမှာ စုစုပေါင်းတန်ဖိုးငွေ ၁၉,၂၃၁,၉၅ဝိ/-ကျပ် (တစ်ရာကိုးဆယ်နှစ်သိန်းသုံး သောင်းတစ်ထောင့်ကိုးရာ့ငါးဆယ်တိတိ) ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်