ရွှေဘို ၁၀ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ပန်းပုကျေးရွာ အ.မ.က စာသင်ကျောင်းဝန်းအတွင်း မတ် ၉ ရက် ည ၇ နာရီခွဲခန့်က စာသင်ဆောင် မီးလောင်မှုဖြစ်ပွားကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။
အဆိုပါမီးလောင်ရာသို့ ဒီပဲယင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းလင်းအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်(၅)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၀)ဦး၊ ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၇ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် (၁၅ × ၅၀ × ၁၈)ပေ၊ ထန်းရွက်မိုး၊ ထရံကာ၊ မြေစိုက်(၁)ထပ် စာသင်ဆောင် (၁)လုံး၊ စာသင်ခုံ (၈)ခုံ၊ Black Book (၄)ခု၊ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ ဒီပဲယင်းမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းမြင့်အောင် (ရွှေဘို)