ရန်ကုန်  မတ် ၁၄

 

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေတွင် အခက်အခဲ တွေ့ကြုံရသည့်တိုင် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာနိုင်ငံသံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့‌အေးချမ်း လုံခြုံစွာအမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ၊ Tabuk မြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံ တွေ့နေရသည့် မြန်မာနိုင်ငံသား မညိမ်းညိမ်းခက်အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန်နှင့် ထွက်ခွာခွင့်(Exit Permit)ရရှိရန် မြန်မာသံရုံးအနေဖြင့် သက်ဆိုင်ရာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိုနှိုင်းဆောင်ရွက်ခဲ့ရာ မတ် ၁၀ ရက်တွင် ရီရတ်ဒ်-နယူးဒေလီ-ဗန်ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် ပြန်လည် ထွက်ခွာနိုင်ခဲ့ပြီး မတ် ၁၃ ရက် နံနက် အစောပိုင်းတွင် ရန်ကုန်မြို့သို့  ပြန်လည် ရောက်ရှိခဲ့သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိုနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေး လျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး

ညိမ်းသူ(သတင်းစဉ်)