နေပြည်တော် မတ်  ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာ၊ လီဆူရိုးရာကွင်းသွား ကတ္တရာလမ်း ၁ မိုင် ကိုလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင် သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်  ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၂၅၈ ဒဿမ ၅၉၈ သန်းဖြင့် ကချင်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ သောက်သုံးရေ ရရှိရေးလုပ်ငန်း၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ သာသနာရေးလုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းစသည့် ဖွံ့ဖြိုးရေးလုပ်ငန်း ၂၉ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်