ရန်ကုန် မတ် ၁၆
နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံယူခဲ့ကြသည့် ရခိုင်နွယ်ဖွား သံဃာတော်အရှင်သူမြတ်များအား ဂုဏဝိသိဋ္ဌ ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ကျင်းပရာ မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက်ပဓာန နာယကဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တစန္ဒာ၀ရာဘိဝံသထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပုသိမ်မြို့ ပစ္ဆိမာရုံကျောင်းတိုက် ဆရာတော် အဘိမဟာရဌဂုရုဘဒ္ဒန္တခေမိန္ဒထံမှ သြဝါဒတရားနာယူကြသည်။
ထို့နောက် ဘွဲ့တံဆိပ်တော်ရရှိခဲ့သည့် ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိ ဖတ်ကြားခြင်း၊ ရတုပိုဒ်စုံ ရွတ်ဆိုပူဇော်ခြင်းတို့ ဆောင်ရွက်ကြပြီး ဘွဲ့တံဆိပ်ရဆရာတော်များအား အလှူရှင်များနှင့် ရခိုင်ဓမ္မာရုံ ထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့ တာ၀န်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် န၀ကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြကာ ရေစက်ချ တရားနာယူခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်