နေပြည်တော် မတ် ၁၆

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း  YMBA (ဗဟို) ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းခရိုင်အတွင်းရှိ မြို့နယ်များမှ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း အသင်းသား၊ အသင်းသူ ၅၀ သည် ယနေ့နံနက် ၉ နာရီတွင် တပ်မတော်အရိုးအထူး ကုဆေးရုံ ( ခုတင် -၅၀၀) ၌ စုပေါင်းသွေးလှူဒါန်းကြသည်။
အဆိုပါ သွေးလှူဒါန်းပွဲသို့ YMBA (ဗဟို) ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများ အားပေးကြည့်ရှုကြပြီး တပ်မတော်အရိုးအထူးကုဆေးရုံမှ တာ၀န်ရှိသူများက  ဂုဏ်ပြုမှတ်တမ်းနှင့် အာဟာရ လက်ဆောင်များ ပြန်လည်ပေးအပ်ကြကြောင်း သိရသည်။ 

သတင်းစဉ်