နေပြည်တော် မတ် ၁၈

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ မတ် ၁၅ ရက် နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးစီးမှု၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်နှင့် ဆပ်သွားဖူးတော်ရှိ ရတနာပစ္စည်းများ ရောင်တော်ဖွင့်ခြင်းလုပ်ငန်း ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ငြမ်းစေတီ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

 

ဒုတိယဝန်ကြီးသည် မတ် ၁၇ က နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြို့ရှိ ကုသိနာရုံမြန်မာကျောင်းတိုက်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်းသည့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် ပါးအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပွဲတက်ရောက် ခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ကုသိနာရုံမြို့၊ ကုသိနာရုံမြန်မာကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ သာဝတ္ထိမြန်မာ ဇေတဝန်ကျောင်း ဆရာတော် ဘဒ္ဒန္တဩဘာသအမှူးပြုသော ပင့်သံဃာဆရာတော်များ၊ သာသနာတော်ဆိုင်ရာ သဒ္ဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော် ပါးတို့ ကြွရောက်တော်မူကြပြီး ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ ကောင်စစ်ဝန်ချုပ် ဦးအောင်အောင်မျိုးသိမ်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ ကုသိနာရုံသို့ ဘုရားဖူးခရီးစဉ် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား ဘုရားဖူး ဧည့်သည်များ တက်ရောက်ကြည်ညိုကြသည်။

 

အခမ်းအနားတွင် ကုသိနာရုံကျောင်း ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ဒုတိယဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ သီရိလင်္ကာ ဗုဒ္ဓဝိဟာရကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒရတနအား သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းသည်။

 

ထို့နောက် သံအမတ်ကြီးက နာလန္ဒာ တရုတ်ဗုဒ္ဓဘာသာကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မရတနအား သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့ပြီး  သာဝတ္ထိမြန်မာ ဇေတဝန်ကျောင်းဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြ သည်။

 

ယင်းနောက် အိန္ဒိယနိုင်ငံ ပရဒေသီသံဃနာယကအဖွဲ့အား ပြန်လည်ဖွဲ့စည်းနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ကုသိနာရုံမြို့၊ ကုသိနာရုံမြန်မာကျောင်းတိုက်၌ ကျင်းပခဲ့ရာ ကုသိနာရုံမြန်မာ ကျောင်းတိုက်ဆရာတော် အမှူးပြုသော အိန္ဒိယနိုင်ငံ မြန်မာဘုန်းတော်ကြီး ကျောင်း ၃၇ ကျောင်းမှ ဆရာတော်များ ကြွရောက် တော်မူကြပြီး ဒုတိယဝန်ကြီး၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ကုသိနာရုံမြန်မာကျောင်းတိုက်ဆရာတော်က အဖွင့်ဩဝါဒကထာ မြွတ်ကြားပြီး ဒုတိယ ဝန်ကြီးနှင့် သံအမတ်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပရဒေသီသံဃနာယက ရွေးချယ်ရေးစည်းမျဉ်းဆိုင်ရာများကို လျှောက်ထား သည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆရာတော်များက ပရဒေသီ သံဃနာယကအဖွဲ့ (စတုတ္ထအကြိမ်) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ() ဒုတိယဥက္ကဋ္ဌ() အကျိုးတော်ဆောင်၊ တွဲဖက်အကျိုးတော် ဆောင်နှင့် အဖွဲ့ဝင်ဆရာတော် ()ပါးတို့ကို အဆိုပြုရွေးချယ်တင် မြှောက်ခဲ့ကြပြီး ကုသိနာရုံမြန်မာ ကျောင်းတိုက်ဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွတ်ကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)