နေပြည်တော် မတ် ၁၈

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၀၁ တောင်သူ ဦးဝင်းငြိမ်း၏ နွေစပါးစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်တွင် တောင်သူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက နွေစပါးစိုက်ပျိုးနေမှု အခြေအနေများ၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များ၊ စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စပါးအပါအဝင် သီးနှံများ အထွက်နှုန်း တိုးတက်ရေးအတွက် မိရိုးဖလာစိုက်ပျိုးနည်းမှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများတွင် သဘာဝ မြေဩဇာများကို အသုံးပြုရေးနှင့် စိုက်ပျိုးရေများ စနစ်တကျသုံးစွဲပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သီးနှံများပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း လေးသွယ်ကို စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေများကိုလှပ်ထားခြင်းမပြုရေးနှင့် သီးထပ် စွမ်းအားများ တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် လယ်ယာ သုံးစက်ကိရိယာများကို အသုံးပြုပြီးစိုက်ပျိုးရေး၊ စိုက်ပျိုးနည်းကို နည်းစနစ်ကျကျ စိုက်ပျိုးမှသာ သီးနှံ အထွက်နှုန်းများ တိုးတက်ထွက်ရှိပြီး တစ်ဦးချင်းဝင်ငွေများ တိုးလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တောင်သူ ဦးဝင်းငြိမ်း၏ လယ်မြေတွင် မျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးထားသည့် နွေစပါးစိုက်ခင်းအား ပေါင်းလိုက်သမန်းနှိုးကိရိယာဖြင့်  ပေါင်းလိုက် သမန်းနှိုး သရုပ်ပြသဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ပြောင်ခေါင်းကြီးမွေးမြူရေးဇုန်ရှိ ဦးမြင့်ထူး၏ အသားတိုးကြက်မွေးမြူရေးခြံသို့ သွားရောက်၍ အသား တိုးကြက်များ မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ထို့နောက် လယ်ဝေးမြို့နယ်၊ တည်ထောင်ကျေးရွာအုပ်စုအတွင်းရှိ စမတောင်မဟာပရဟိတလူငယ် ဖွံဖြိုးရေးဥယျာဉ်ကျောင်း ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဉာဏိန္ဒ ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ဒက္ခိဏသီရိမြို့နယ် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ(နေပြည်တော်)သို့ သွားရောက် ၍ အဘိုးအဘွားများအား အာဟာရဒါနအတွက် အလှူငွေများကို ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁)(/၂၀၂၅)သို့ တက်ရောက်နေသည့် သင်တန်းသားများအတွက် ချီးမြှင့်ငွေပေးအပ်ပွဲကို နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ() ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်နှင့် တွဲဖက်အတွင်းရေးမှူး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားပြီး ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁)(/၂၀၂၅)သို့ တက်ရောက်နေသည့် သင်တန်းသားများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းက လက်ခံရယူ ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)