နေပြည်တော် မတ် ၁၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည်  နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ရင်းရင်းနှီးနှီး လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံပညာရေးဝန်ကြီးဌာနတို့အကြား ဒစ်ဂျစ်တယ်အသွင်ပြောင်းရေး ဆိုင်ရာအစီအစဉ်များတွင် ပညာရေးဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုကို မြှင့်တင်ဆောင်ရွက်ရေး၊ အခြေခံပညာရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေးကဏ္ဍနှင့် ဆရာအတတ် ပညာကဏ္ဍတို့တွင် ပိုမိုပူးပေါင်းမြှင့်တင် ဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။

(သတင်းစဉ်)