ညောင်ဦး ၁၀ မတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူမီးသတ်စခန်းမှ သောက်သုံးရေရှားပါးမှု ပြဿနာရင်ဆိုင်နေရသည့် ကျောက်တန်းကျေးရွာသို့ ယနေ့နံနက် ၉ နာရီက သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြန်မာပြည်အလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသတစ်ခုဖြစ်သော ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် ရေတွင်းရေကန်များ ခန်းခြောက်လာခြင်း၊ ဒေသခံရွာများအနေဖြင့် စက်ရေတွင်းများ တူးဖော်နိုင်မှု မရှိခြင်းတို့ကြောင့် ယခုနွေဦးကာမှာပင် သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေကြရပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်တန်းကျေးရွာ သောက်သုံးရေလှူဒါန်းရာတွင် စဉ့်ကူမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစည်သူအောင် ဦးဆောင်သော တပ်ဖွဲ့ဝင် ၅ ဦး၊ သယ်ယာဉ် ၁ စီးဖြင့် သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ဖေလိန်း(ညောင်ဦး)


