ဂျိုဟန်နစ္စဘတ်  မတ်   ၁၈

တောင်အာဖရိကသည်    ကလေးငယ်များကို   နိုင်ငံ့အနာဂတ်အတွက်  အရေးကြီးသောအခန်းကဏ္ဍ များတွင်  ပါဝင်ဆောင်ရွက်မှုများလုပ်ဆောင်နိုင်စေရန်    ပြင်ဆင်သည့်အနေဖြင့်  ရှေးဦးကလေး သူငယ်ဖွံ့ဖြိုးရေးကို   ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း သမ္မတ ဆိုင်ရယ် ရာမာဖိုဆာက မတ် ၁၇ ရက်တွင် ပြောကြားလိုက်သည်။ 

တောင်အာဖရိက စီးပွားရေးမြို့တော်နှင့်  အကြီးဆုံးမြို့တော်ဖြစ်သည့်  ဂျိုဟန်နစ္စဘတ်တွင်   ကျင်းပပြုလုပ်သော     Bana Pele 2030 ECD Roadmap Leadership Summit တွင်  သမ္မတက မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

ရှေးဦးအရွယ်     ကလေးသူငယ်ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည်   ပညာရေးတွင်သာ   ရင်းနှီး မြှုပ်နှံခြင်းမဟုတ်ဘဲ    နိုင်ငံစီးပွားရေးကို    ဖွံ့ဖြိုးတိုးတက်အောင်   စွမ်းဆောင်ပေးမည့် ကျွမ်းကျင်မှု အမျိုးမျိုးနှင့် စွမ်းရည်အမျိုးမျိုးပြည့်စုံသော မျိုးဆက်သစ်များကို ပုံဖော်ထုဆစ်နေခြင်းလည်း ဖြစ်ကြောင်း သမ္မတက ဆက်လက်ပြောကြားသည်။

ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးသည် ကလေးငယ်များကို အောင်မြင်သော  အနာဂတ်ကို ပုံဖော်ရာတွင် လိုအပ်သော အခြေခံစွမ်းရည်များကို ဖြည့်ဆည်းပေးလျက်ရှိရုံသာမက မျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုသို့      လက်ဆင့်ကမ်းလေ့ရှိသည့် ဆင်းရဲမွဲတေမှု သံသရာစက်ဝိုင်း ကိုလည်း   ဖျက်ဆီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း   သမ္မတက  ထပ်လောင်း ပြောကြားသည်။

ရှေးဦးအရွယ်ကလေးသူငယ်များသည်  အခြေခံစွမ်းရည်များဖြစ်သည့်     ဘာသာစကားစွမ်းရည်၊ စာပေစွမ်းရည်နှင့်      အတွက်အချက်ဂဏန်းသင်္ချာ စွမ်းရည်တို့  ဖွံ့ဖြိုးတိုးတက်ရန်   အရေးကြီး ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးသည် ကလေးငယ်များကို  လူမှုပတ်ဝန်းကျင် အသိုင်း အဝိုင်းအတွက် အပြုသဘောဆောင်သည့် အယူအဆများကို    မျှဝေပေးနိုင်မည့်   နိုင်ငံ့သားကောင်း များ ဖြစ်လာရန်လည်း လေ့ကျင့်ပေးရာရောက်ကြောင်း၊ ခိုင်မာအားကောင်းသည့်      အခြေခံကောင်း များကို အစောပိုင်းကာလများတွင် ရရှိခဲ့သော ကလေးသူငယ်များသည် ကျောင်းများနှင့်    အလုပ် ပတ်ဝန်းကျင်များတွင်    ပိုမိုအောင်မြင်နိုင်ခြေရှိပြီး    ကျန်းမာရေးစောင့်ရှောက်ရေး၊  ရာဇဝတ်မှု တားဆီးကာကွယ်ရေးနှင့် လူမှုဖူလုံရေးစသည့် နယ်ပယ်ကဏ္ဍများတွင်လည်း အသုံးစရိတ်များကို    လျှော့ချနိုင်မည်ဖြစ်ကြောင်း သမ္မတက ပြောသည်။                         

ဆင်ဟွာ