အက်ဒစ်အဘာဘာ ၁၀ မတ်
ယနေ့နံနက်ပိုင်းက ခရီးသည်နှင့် အမှုထမ်း ၁၅၇ ဦးလိုက်ပါလာသည့် အီသီယိုးပီးယား လေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇ လေယာဉ်ပျက်ကျမှု ဖြစ်ပွားကြောင်း သိရသည်။
လေယာဉ်ပေါ်တွင် ခရီးသည် ၁၄၉ ဦးနှင့် လေယာဉ်အမှုထမ်း ၈ ဦးလိုက်ပါလာပြီး ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ ပျံသန်းနေစဉ် အီသီယိုးပီးယား မြို့တော် အက်ဒစ်အဘာဘာမြို့၏ အရှေ့တောင်ဘက် ၄၅ ကီလိုမီတာ အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ကနဦးအခြေအနေအရ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေပြီး ထိခိုက်သေဆုံးမှု အရေအတွက်ကို အတိအကျ မထုတ်ပြန်နိုင်သေးကြောင်း သိရသည်။
MDN
Source> Xinhua