နေပြည်တော် မတ်  ၂၄  

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် (၉) နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ သွားရောက်၍ ယာယီ နေရပ်စွန့်ခွာ ပြည်သူများအတွက် ငွေကျပ် (၂၅) သိန်းကို လှူဒါန်းသည်။

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိပြီး ရုံးအဝင်လမ်းခင်းခြင်းနှင့် အုတ်ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး စီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ ဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်၊  ရုံးနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်၊ ဘဏ္ဍာငွေများကို သတ်မှတ်ထားသည့် ငွေစာရင်းထိန်းသိမ်းရေး နည်းလမ်းများနှင့်အညီ စနစ် တကျသုံးစွဲရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း တို့သည် ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်