နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး Lieutenant General Viktar Gennadyevich Khrenin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ရောက်ရှိ

 

နေပြည်တော် မတ် ၂၆

 

မတ် ၂၇  ရက်တွင်  ကျရောက်သည့်  နှစ် (၈၀) ပြည့် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ရန်    ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး   Colonel  General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် လေဆိပ်သို့ ရောက်ရှိကြသည်။

 

အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား  နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် တပ်မတော်အရာရှိကြီးများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

mdn

 

အလားတူ ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး Lieutenant General Viktar Genna-dyevich Khrenin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနား သို့ တက်ရောက်ရန် ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

 

 သတင်းစဉ်