နေပြည်တော် ဧပြီ ၁၉
အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များ သည် ယနေ့ နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မဏိရတနာကျောက်စိမ်းခန်းမတို့သို့ သွားရောက်၍ ယာယီရုံးဖွင့်လှစ်ပြီး ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ကော်မတီဥက္ကဋ္ဌအနေဖြင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သင်္ကြန်ရုံးပိတ်ရက်ကာလပြီးဆုံးပြီး ရုံးများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ရုံးလုပ်ငန်းများ ပြည့်ဝစွာလည်ပတ်နိုင်ရေး၊ ဝန်ထမ်းများ စနစ်တကျ ရုံးတက်ရောက်နိုင်ရေးအတွက် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဝန်ကြီး ဌာနများအနေဖြင့် ရုံးများပြန်လည် ပြုပြင်ရာတွင် သတ်မှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ပြုပြင်ဆောင်ရွက်ရေး၊ နိုင်ငံတော် ပိုင်ပစ္စည်းများ ပျောက်ဆုံးမှုမရှိအောင် လုံခြုံရေးစနစ်တကျ ထားရှိဆောင်ရွက်ရေးတို့ကို မှာကြား ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်