နေပြည်တော် ဧပြီ ၁၉
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဘေးသင့်ဒေသများ၌ ကျန်းမာရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးရန် တရုတ်နိုင်ငံမှ ဆရာဝန် ၅၀ သည် ၎င်းတို့အသုံးပြုမည့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း ၅ တန်ကျော်နှင့်အတူ ယနေ့ ညနေ ၅ နာရီခွဲတွင် China Eastern လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
အဆိုပါ တရုတ်နိုင်ငံမှ ဆရာဝန်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing နှင့်တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်