နေပြည်တော် ဧပြီ ၂၄
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက မန္တလေး ငလျင်ဘေးခံစားခဲ့ရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် အထွေထွေအသုံးပြုရန် Shwe Mya Yar Pharmaceutical Factory က ပေးအပ်လှူဒါန်း သည့် ငွေကျပ်သိန်းနှစ်ရာကိုလည်းကောင်း၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်းက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာကိုလည်းကောင်း၊ မြန်မာနိုင်ငံခရစ်ယာန် ဂိုဏ်းပေါင်းစုံ သဘာဝဘေး အန္တရာယ်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ပေးအပ်လှူဒါန်းသည့် ငွေကျပ် သိန်းနှစ် ဆယ်ကိုလည်းကောင်း၊ မြန်မာနိုင်ငံဧဝံကလိခရစ်ယာန် မဟာမိတ် အဖွဲ့ချုပ်က ပေးအပ်လှူဒါန်းသည့် ငွေကျပ် ဆယ်သိန်းကိုလည်းကောင်း၊ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက် အကူပြုဗဟိုကော်မတီက ပေးအပ်လှူဒါန်းသည့် ငွေကျပ်ငါးသိန်းကို ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)