မန္တလေး ဧပြီ ၂၅

 

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ဘူမိဗေဒပညာရှင် ဒေါက်တာယုမောင်နှင့်အဖွဲ့၊ တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်တော်ရှိ ကျောက်သေတ္တာကြီး မူလအခြေအနေမှ တိမ်းစောင်းသွားခဲ့ရာ လက်ရှိအတိုင်း ခိုင်ခံ့စေရေးနှင့် ဘေးပတ်ဝန်းကျင်အန္တရာယ်မဖြစ်ပေါ်စေရေး ထိန်းသိမ်းဆောင်ရွက်မည့် နည်းလမ်းများအတွက် ယနေ့ နံနက်ပိုင်းက သွားရောက်၍ အနီးကပ်ကြည့်ရှုစစ်ဆေးကြသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မန္တလေးငလျင်ကြီးကြောင့် ရွှေသာလျောင်းတောင်တော်ရှိ ကျောက်သေတ္တာကြီးမှာ မူလအခြေအနေမှ တိမ်းစောင်းသွားမှုအခြေအနေ၊ လက်ရှိတည်ရှိနေမှု အခြေအနေများကို ဒရုန်းဖြင့်ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းများ၊ မှတ်တမ်းဓာတ်ပုံများကိုကြည့်ရှု၍လည်းကောင်း၊ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာ စေတီတော်အား အနီးကပ်မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောက်သေတ္တာစေတီတော် လက်ရှိအတိုင်း ခိုင်ခံ့စေရေး၊ မွမ်းမံပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

သတင်းစဉ်