နေပြည်တော်၊   ဧပြီ   ၂၆

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကုန်မျိုးစုံဈေးကား များသည် နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာ များသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး လျက်ရှိပြီး ယနေ့တွင် နှစ်ဆယ့်ခုနှစ်ရက်မြောက်နေ့အဖြစ် ဈေးကား ၇ စီးဖြင့် လှည့်လည်ရောင်းချပေး လျက်ရှိသည်။

 

၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်မှ ဧပြီ ၂၆ ရက်အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရ သီရိဆေးရုံဝန်ထမ်းအိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက် အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဇေယျာသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများရှိ ဝန်ထမ်းများအား ဆန် ၆ ပြည်ပါ (မနောသုခ-Export Quality) ၉၆၃၆ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၂၂၃ အိတ်၊ ဆီ ၂၆၇၇၀ ပိဿာ၊ ဆား ၅၈၃၀ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၅၀၇၉ ထုပ်၊ ငါးပိ ၁၂၄၉ ပိဿာ၊ ငါးတံခွန်ခြောက်များ၊ ငါးပုတ်သင်ခြောက ်များ၊ ငါးနီတူခြောက်များ၊ အာပြဲ ခြောက်များ၊ ကြက်ဥ၊ ဘဲဥများနှင့်၊ ခေါက်ဆွဲခြောက်ထုပ်များကိုလည်း ရောင်းချပေးခဲ့သည်။

 

ထို့အတူ စစ်ကိုင်းမြို့တွင်‌ ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (‌ရွှေဝါထွန်း) ၂၈၃ အိတ်၊ စားအုန်းဆီ ၄၅၆၅ ပိဿာ၊ ဆား ၄၆ ပိဿာ၊ ကုလားပဲ (၂၀) ကျပ်သားပါ ၂၃၅ ဘူး၊ ငါးပိ ၁၅ ပိဿာ၊ ကြက်သွန်နီ ၅၂၇ ပိဿာ၊ အသားတု ၂၂ ပိဿာ၊ ကြက်ဥ၊ ဘဲဥ များ၊ ငါးနီတူခြောက်များ၊ ပုဇွန်ခြောက်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်း ချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၂၇၆၄ အိတ်၊ စားအုန်းဆီ ၄၈၄၀၀ ပိဿာ၊ ဆား ၉၆ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၇၉ ထုပ်၊ ငါးပိ ၇၄ ပိဿာ၊ ငါးနီတူခြောက်၊ အာပြဲခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ်များကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)