ပြုံယမ်း ၁၁ မတ် 


မြောက်ကိုရီးယားနိုင်ငံက  နိုင်ငံ၏ဥပဒေပြုအဖွဲ့အသစ်တစ်ရပ်  ရွေးချယ်တင်မြှောက်ရန်အတွက်  ရွေးကောက်ပွဲတစ်ရပ်ကို မတ် ၁၀ ရက်တွင် ကျင်းပခဲ့ကြောင်း ယမန်နေ့အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။


အဆိုပါရွေးကောက်ပွဲကို  ငါးနှစ်တစ်ကြိမ်  ကျင်းပလျက်ရှိသည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတစ်ရပ်ကသာ အနိုင်ရမည်ဖြစ်သည်။ ခေါင်းဆောင်ကင်ဂျုံအန်ဦးဆောင်သော လက်ရှိအာဏာရ အလုပ်သမားပါတီသည် မြောက်ကိုရီးယားနိုင်ငံအတွက် အင်အားကြီးပါတီတစ်ခုဖြစ်သည်။


မြောက်ကိုရီးယားပြည်သူများက မတ် ၁၀ ရက်တွင်မဲရုံများသို့သွားရောက်ကာ  ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။  ဒေသစံတော်ချိန်  ညနေ  ၆  နာရီ  မထိုးမီအချိန်တွင် နိုင်ငံအတွင်းရှိ  သက်ဆိုင်ရာ   မဲဆန္ဒနယ်မြေ များ၌    ပြည်သူများက    ဆန္ဒမဲများပေးပြီးဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကျင်းပပြီး မကြာမီအချိန်တွင် အနိုင်ရ ပါတီဝင်များဖြင့် ဖွဲ့စည်းထားမည့် ဥပဒေပြုအဖွဲ့က ရသုံး ငွေစာရင်းများအပါအဝင် တရားရေးရာပြင်ဆင်ချက်များစသည့် နိုင်ငံရေးရာကိစ္စရပ်များကို   ဆွေးနွေးကြမည်ဖြစ်သည်။                                                

အေအက်ဖ်ပီ