ကာရာကတ်စ် ၁၁ မတ် 

 

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုအား ရာထူးမှ ဖြုတ်ချနိုင်ရေးအတွက် အတိုက်အခံခေါင်းဆောင်  ဂျူအန်ဂွါအီဒိုက နိုင်ငံတစ်ဝန်းလုံးရှိ  ပြည်သူများအားလုံးအနေဖြင့်    အစိုးရ ဆန့်ကျင်လှုပ်ရှားမှုတွင် ပါဝင်ကြရန်မတ် ၉ ရက်က  တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

 

သမ္မတ  မာဒူရိုနှင့်  အတိုက်အခံခေါင်းဆောင်   ဂွါအီဒိုတို့အကြား နိုင်ငံရေးအားပြိုင်မှုတွင်    သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပတ်သက်ပြီး တိကျသော အချက်အလက်များ မရရှိသေးသော်လည်း  နိုင်ငံအတွင်းရှိဆေးရုံများ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီးနောက်    ဆေးကုသမှုခံယူရန် ခက်ခဲမှုများရှိခဲ့သည့်အတွက် အသည်းရောဂါသည် လူနာ  ၁၅  ဦးကျော်သေဆုံးခဲ့ကြောင်း      အစိုးရမဟုတ်သော  အဖွဲ့အစည်းတစ်ခုက ပြောကြားခဲ့သည်။

 

ထို့ပြင်   စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းထားရပြီး      ဆေးရုံများနှင့်ပို့ဆောင်ရေး  ဝန်ဆောင်မှုကဏ္ဍများလည်း         ရပ်တန့်လျက်ရှိသည်။

 

အသက် ၃၅ နှစ်အရွယ်ရှိ အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက  နိုင်ငံတစ်ဝန်းလုံးသို့ သွားရောက်ကာ  သူ့အား ထောက်ခံသူများ၏ ပြောကြား ချက်များကို   နားထောင်မည်ဖြစ်ကြောင်း            ပြောကြားခဲ့သည်။ ထို့နောက် မြို့တော်ကာရာကတ်စ်သို့ ပူးပေါင်းစုဝေးကာ  ချီတက်လာကြ မည်ဟု ဂွါအီဒိုက ဆိုသည်။

 

နိုင်ငံအတွင်းရှိ သန်း ၃၀ သော ပြည်သူများ၏ ထောက်ခံမှုကို ရရှိထားသော အတိုက်အခံခေါင်းဆောင်ဂွါအီဒိုသည် ရွေးကောက်ပွဲအသစ်တစ်ရပ်    ပြန်လည်ကျင်းပပေးရန် တောင်းဆိုလျက်ရှိသည်။

 

တစ်ဖက်ကလည်း သမ္မတမာဒူရိုက သူ့အား  ထောက်ခံသူများနှင့် လူထုစည်းဝေးပွဲများ ပြုလုပ်ခဲ့သည်။  အမေ ရိကန်ပြည်ထောင်စုက  ဗင်နီဇွဲလား နိုင်ငံအား စီးပွားရေးပိတ်ဆို့မှုများနှင့် လုံခြုံရေးခြိမ်းခြောက်မှုများ စတင်ခဲ့သည့် လွန်ခဲ့သော လေးနှစ်ကတည်းက သမ္မတမာဒူရိုနှင့် ထောက်ခံသူများက  နယ်ချဲ့ဝါဒဆန့်ကျင်သည့် လူထုစည်းဝေးပွဲများကို မကြာခဏပြုလုပ်ခဲ့သည်။

 

အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက    သမ္မတမာဒူရိုအား    ရာထူးမှဖြုတ်ချရန်  အစွမ်းကုန်ကြိုးပမ်းစေ ကာမူ သမ္မတ မာဒူရိုက ၎င်းအနေဖြင့်လက်မြှောက်အရှုံးမပေးပါကြောင်း သူ့အား ထောက်ခံသူများအား ပြောကြားခဲ့သည်။

 

ဗင်နီဇွဲလားနိုင်ငံ၏  စီးပွားရေး အကျပ်အတည်းနှင့် နိုင်ငံရေးအရှုပ်တော်ပုံတို့ကြောင့် ၂၀၁၅ ခုနှစ်ကစပြီး နေရပ်စွန့်ခွာသွားကြသော  ပြည်သူအရေအတွက်  ၂  ဒသမ  ၇  သန်းရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

 

အေအက်ဖ်ပီ