အာဒစ်အာဘာဘာ ၁၁ မတ်
အီသီယိုးပီးယားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် မြို့တော်အာဒစ်အာဘာဘာမှ စတင်ပျံတက်ထွက်ခွာခဲ့ပြီး မကြာမီအချိန်တွင် ပျက်ကျခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။
ခရီးသည် ၁၄၉ ဦးနှင့် လေယာဉ်မှူး၊ လေယာဉ်မယ်ရှစ်ဦးတို့အား သယ်ဆောင်မောင်းနှင်လာသော ဘိုးရင်း ၇၃၇ လေယာဉ်သည် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ဦးတည်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။
မြို့တော်အာဒစ်အာဘာဘာမှ ကီလိုမီတာ ၆၀ ခန့်အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလေယာဉ်ပျက်ကျခဲ့ခြင်းနှင့်ပတ်သက်ပြီး အီသီယိုးပီးယားဝန်ကြီးချုပ်က အလွန်အမင်း ဝမ်းနည်းမိပါ ကြောင်း သူ၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။
နိုင်ငံပိုင်အီသီယိုးပီးယားလေကြောင်းလိုင်းသည် လေကြောင်းလိုင်းများ ပိုမိုပြေးဆွဲလျက် ရှိသည်။ မြို့တော်အာဒစ်အာဘာဘာလေဆိပ်သည် အာဖရိကနိုင်ငံများသို့ အလည်အပတ်လာရောက်ကြသည့် နိုင်ငံတကာခရီးသွားများအတွက် အဓိကအချက်အချာတစ်ခု ဖြစ်လာကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ