မွန်ဘိုင်းမြို့၊   မေ   

 

အိန္ဒိယသည် ဆန်းသစ်တီထွင်မှု၏ ဗဟိုချက်ဖြစ်ရမည်ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် ဖျော်ဖြေရေးညီလာခံ (WAVES - 2025) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ ဂျေရိုကမ္ဘာ့ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Narendra Modi က တက်ရောက်၍ မိန့်ခွန်းပြော ဖွင့်လှစ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံ၏ မီဒီယာနှင့်ဖျော်ဖြေရေးကဏ္ဍ၌ တိုးတက်မှုများအပြင် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ပြသခဲ့သည်။

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘာ့နိုင်ငံ ၇၅ နိုင်ငံမှ ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ အကြီးအကဲများ၊ မူဝါဒချမှတ်သူများ၊ မီဒီယာနှင့် ဖျော်ဖြေရေးကဏ္ဍဆိုင်ရာ ဆန်းသစ်တီထွင်သူများနှင့် အိန္ဒိယနိုင်ငံမှ နာမည်ကြီးအနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

 

ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် ဖျော်ဖြေရေးညီလာခံ (WAVES-2025)ကို မီဒီယာနှင့် ဖျော်ဖြေရေး ကဏ္ဍဆိုင်ရာ ဆန်းသစ် တီထွင်မှုများ ပေါင်းစည်းနိုင်ရေးအတွက် ပထမဆုံးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မွန်ဘိုင်းမြို့ရှိ ဂျေယိုကမ္ဘာ့ကွန်ဗင်းရှင်း စင်တာ၌ မေ ရက်မှ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါညီလာခံသည် မီဒီယာနှင့် ဖျော်ဖြေရေး ကဏ္ဍတို့၏ အခွင့်အလမ်းများ ကိုရှာဖွေရန်၊ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်နှင့် မီဒီယာနှင့် ဖျော်ဖြေရေးလုပ်ငန်းများ၏ အနာဂတ်ကိုပုံဖော်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် ဖျော်ဖြေရေးလုပ်ငန်း နယ်ပယ်ကဏ္ဍအားလုံးမှ သက်ဆိုင်သူ များနှင့် ချိတ်ဆက်ပေါင်းစည်းမှုမှတစ်ဆင့် ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှု တို့အတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ခိုင်မာသောမိတ်ဖက်များအဖြစ်သတ်မှတ်၍ နယ်ပယ်သစ်များကို ဖွင့်လှစ်ပေးနိုင်ရန်၊ နိုင်ငံနယ်နိမိတ်များကို ကျော်လွန်လာသည့် ယဉ်ကျေးမှုဖလှယ်မှုများအပေါ် အပြန်အလှန် နားလည်မှုများကို ပြုစုပျိုးထောင်ရန်နှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန်စသည့် မဟာဗျူဟာများကို ရှာဖွေသွားရန်၊ အစွမ်းထက်သော ကွန်မြူနတီ ရေဒီယိုအစီအစဉ် ပလက်ဖောင်းမှတစ်ဆင့် ခေတ်ရေစီးကြောင်းများနှင့် မူဝါဒများအပေါ် အာရုံစိုက်၍ ဒေသခံပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှု အားကောင်းလာစေရန် ရည်ရွယ် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)