၁၁ မတ်
တရုတ်နိုင်ငံတွင်းသုံး လေကြောင်းလိုင်းသုံး ဘိုးရင်း 737 MAX 8 အမျိုးအစား လေယာဉ်ကို အသုံးမပြုရန် ဒီကနေ့ (တနင်္လာနေ့) က ညွှန်ကြား လိုက်ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ပျက်ကျခဲ့သော အီသီယိုးပီးယား လေကြောင်းလိုင်းမှ လေယာဉ်ဟာ ဘိုးရင်း 737 MAX 8 ဖြစ်တဲ့အပြင် အင်ဒိုနီးရှားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှာလည်း အလားတူ လေယာဉ်အမျိုးအစားဖြစ်တဲ့အတွက် အခုလို ညွှန်ကြားလိုက်တာဖြစ်ပါတယ်။
တရုတ်လေကြောင်း အုပ်ချုပ်ရေးအဖွဲ့က အမေရိကန်လေကြောင်း အုပ်ချုပ်ရေးနဲ့ ဘိုးရင်းကုမ္ပဏီကို ဆက်သွယ်မှာဖြစ်ပြီး အဲဒီအမျိုးအစားလေယာဉ်တွေဟာ ပျံသန်းဖို့ လုံခြုံတဲ့ကြောင်း အာမခံချက်ရရှိမှ အသုံးပြုရန် ညွှန်ကြားချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပျက်ကျခဲ့ အီသီယိုးဘီးယားလေကြောင်းပိုင် လေယာဉ်တစ်စင်း ပျက်ကျရာ လိုက်ပါသူ တရုတ်နိုင်ငံသား ၈ ဦးအပါအဝင် ၁၅၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အင်ဒိုနီးရှား Lion Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ပျက်ကျရာ လေယာဉ်ပေါ်ပါရှိသူ ၁၈၉ ဦး သေဆုံးခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန် လေယာဉ်ကုမ္ပဏီအတွက် အရေးကြီးတဲ့ ဈေးကွက်ဖြစ်ပါတယ်။ ဘိုးရင်းကုမ္ပဏီကနေ 737 MAX လေယာဉ် ၇၆ စီးကို တရုတ်လေကြောင်းကို ပို့ပြီးပြီဖစ်ပြီး နောက် ၁၀၄ စီးကိုလည်း ထပ်မံပေးဖို့ရှိကြောင်း ဘိုးရင်းကုမ္ပဏီဝက်ဆိုက်ဒ်မှာ ဇန်နဝါရီလက ထုတ်ပြန်ချက်အရ သိရပါတယ်။
တရုတ်လေကြောင်း အတွက် 737 MAX လေယာဉ်တွေကို ပြီးခဲ့ ဒီဇင်ဘာလာ ပို့ခဲ့ကြောင်း၊ အဲဒီလေယဉ်တွေဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်ရှိ ရန်တန် ကနေ တရုတ်နိုင်ငံ ရှူရှန်းမြို့ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်တွေကို ဘိုးရင်းနဲ့ တရုတ်နိုင်ငံ၏ ခရီးသည်တင်လေယာဉ် ကော်ပိုရေးရှင်းတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ပါတယ်။
MDN
ကိုးကား - AFP