မေ ၈

ဘိုလီးဗီးယားနိုင်ငံတွင် လွန်ခဲ့သောနိုဝင်ဘာလကစတင်ကာ မိုးရာသီကာလအတွင်း လူ ၅၈ ဦးသေဆုံး၊ ၁၀ ဦးပျောက်ဆုံး လျက်ရှိပြီး မိသားစု ၈၆၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ယမန်နေ့က ပြောကြားသည်။

၂၀၂၅ ခုနှစ် ဧပြီလအထိမိုးရာသီကာလအတွင်း မိုးရွာသွန်းမှုသည် ပြီးခဲ့သောမိုးရာသီစံချိန်တင်မိုးရွာသွန်းမှု ပမာဏထက် ပိုမိုခဲ့သည်ဟု   မြို့ပြကာကွယ်ရေးလက်ထောက်ဝန်ကြီးဂျူအန်ကာလို့စ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံတွင်းရှိ ဒေသကြီးကိုးခုအနက်ငါးခုတွင် သဘာဝဘေးအန္တရာယ်များ ထုတ်ပြန်ကြေညာခဲ့ပြီး သုံးခုတွင် အရေးပေါ်အခြေအနေကြေညာခဲ့သည်။

ဘိုလီးဗီးယား၏မိုးရာသီသည် မေ ၁၅ ရက်အထိ ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းထားသည်။

အမျိုးသားမိုးလေဝသနှင့်ဇလဗေဒဝန်ဆောင်မှုဌာန အကြီးအကဲက လုံးဝဆိုးရွားသော ဖြစ်စဉ်တစ်ခုနှင့်ကြုံတွေ့နေရသည်ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို