မော်စကို မေ ၁၁ 

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လာမည့်သီတင်းပတ်တွင် တူကီယဲနိုင်ငံ၌ ယူကရိန်းနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဆန္ဒရှိကြောင်း ပြောကြားသည်။

သမ္မတပူတင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်သည့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် အထက်ပါအတိုင်း ပြောကြား ခြင်းဖြစ်ကြောင်း ကရင်မလင်က ဆိုသည်။ 

မေ ၁၄ ရက်တွင် အစ္စတန်ဘူလ်မြို့တော်၌ ယူကရိန်းနှင့်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် မော်စကို အနေဖြင့် အဆင်သင့်ဖြစ်နေကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားသည်။ 

နှစ်နိုင်ငံအကြား တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်စတင်သင့်ပြီး ဆွေးနွေးပွဲများကို ကြိုတင် သတ်မှတ်ချက်များမရှိဘဲ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားသည်။

ထို့ပြင် ယူကရိန်းနှင့် ဆွေးနွေးမှုများမပြုလုပ်မီ တူကီယဲသမ္မတ အာဒိုဂန်နှင့် ဆွေးနွေးမည်ဖြစ် ကြောင်းလည်း ပူတင်က ထုတ်ဖော်ပြောကြားသည်။
 
မော်စကိုသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အသစ်အချို့ကို ငြင်းဆန်မည်မဟုတ် ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စအတွက် ယူကရိန်းနှင့် တိုက်ရိုက်ညှိနှိုင်းရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားသည်။

ယူကရိန်းနှင့် အနောက်နိုင်ငံများက မေ ၁၁ ရက်မှစပြီး မြေပြင်၊ ရေပြင်နှင့် ဝေဟင်တို့၌ ခြွင်းချက် မရှိ အပြည့်အ၀ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန် ရုရှားအား တိုက်တွန်းခဲ့ကြောင်း သိရသည်။ သို့သော် သမ္မတပူတင်က အဆိုပါ တိုက်တွန်းချက်နှင့်ပတ်သက်ပြီး မည်သည့်သဘော ထားမှတ်ချက်မျှ ပေးခဲ့ခြင်းမရှိကြောင်း သိရသည်။ 

ကိုးကား - အင်န်အိတ်ချ်ကေ 
ဘာသာပြန် - အောင်ကျော်ကျော်