၁၁ မတ်

 

ပျက်ကျသွားသော ခရီးသည်တင်လေယာဉ်တစ်စင်း၏ လေယာဉ်မှူးသည် တနင်္ဂနွေနေ့က မြို့တော် အာဒစ်အ ဘာဘာအနီးတွင် လေယာဉ်မပျက်ကျမီ ပြဿနာတစ်ရပ်ကြုံတွေ့ခဲ့ကာ လေယာဉ်ကိုနောက်ပြန်လှည့်ရန် ခွင့် တောင်းခဲ့ကြောင်း အီသီယိုပီးယားလေကြောင်းလိုင်းက ပြောကြားသည်။ 

 

ိ္ိ

 

ခရီးသည် ၁၄၉ ဦးနှင့် လေယာဉ်အမှုထမ်း ၈ ဦး တင်ဆောင်လာသည် အဆိုပါ ဘိုရင်း ၇၃၇ လေယာဉ်မှာ ကင် ညာနိုင်ငံမြို့တော် နိုင်ရိုဘီသို့ ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

ယင်းလေယာဉ်မှာ ဒေသစံတော်ချိန် နံနက် ၈နာရီ၃၀တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ အဆိုပါလေယာဉ်သည် လေ ယာဉ်ကွင်းမှ ပျံတက်ပြီး ၆မိနစ်အကြာတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း၊ လေယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း လေကြောင်းလိုင်းက ပြောကြားသည်။

 

လေယာဉ်မှူးက အခက်အခဲအချို့ကြောင့် မြို့တော် အာဒစ်ဘာဘာသို့ ပြန်လှည့်ရန်  လေကြောင်းလမ်းထိန်း ချုပ်သူများထံ တောင်းဆိုခဲ့ကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်း စီအီးအိုက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

 

ပုံမှန်ပြုလုပ်နေကျ စစ်ဆေးထိန်းသိမ်းမှုတစ်ရပ်ပြုလုပ်ရာ၌ ဘိုအင်း ၇၃၇ လေယာဉ်တွင် မည်သည့်ပြဿနာမျှ မရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

 

သေဆုံးသူများမှာ ကနေဒါ၊ အီတလီနှင့် တရုတ်အပြင် ကင်ညာနှင့် အီသီယိုးပီးယားအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှ ခရီးသည်များဖြစ်ကြောင်း  အီသီယိုပီးယား လေကြောင်းလိုင်းကဆိုသည်။ ကုလသမဂ္ဂ ဝန်ထမ်းအချို့ လည်း သေဆုံးမှုထဲတွင် ပါဝင်သည်ဟု ဆိုသည်။

 

််

 

လေယာဉ်ပျံသန်းသည့် အချက်အလက်များနှင့် လေယာဉ်မှူးခန်း အသံဖမ်းကိရိယာများ သိမ်းဆည်းရာ ပျက်ကျ လေယာဉ်၏ Black Box ကို  အီသီယိုပီးယား အာဏာပိုင်များက ရှာဖွေလျက်ရှိသည်။ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရာတွင် အဆိုပါကိရိယာကို အသုံးပြုမည်ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်