မေ ၁၂

အိန္ဒိယနိုင်ငံအာဏာပိုင်များက ပါကစ္စတန်နိုင်ငံနှင့်သဘောထားတင်းမာမှုများမြင့်တက်လာပြီးနောက်ပိုင်း လေကြောင်းပိုင်နက်ကန့်သတ်ချက်များကြောင့် ပိတ်ထားခဲ့သောအရပ်ဘက်ပျံသန်းမှုဆိုင်ရာ လေဆိပ် ၃၂ ခုကိုပြန်လည်ဖွင့်လှစ်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါလေဆိပ်များကို နှစ်နိုင်ငံအကြားအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိသည့် မေ ၁၀ နောက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နိုင်ငံပိုင်လေဆိပ်များအာဏာပိုင်အဖွဲ့က မေလ ၁၅ ရက်နေ့အထိ အရပ်ဘက်လေယာဉ်များ ပျံသန်းခွင့်ပိတ်ထားသည့် လေဆိပ် ၃၂ ခုကိုပြန်လည်ဖွင့်လှစ်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိမ်နီးချင်းနှစ်နိုင်ငံကြား လွန်ခဲ့သောသီတင်းပတ်ကဖြစ်ပွားခဲ့သည့်စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများရှိ ၎င်းလေဆိပ်များကို ပိတ်ထားရန် ကြေညာခဲ့ခြင်းဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို