နေပြည်တော် မေ ၁၅
ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း (Rebuilding My-anmar : Post-Earthquake Economic Recovery) ဖိုရမ် ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်း အဖွဲ့ဥက္ကဋ္ဌ ဦးကိုကို၊ ဒါရိုက်တာ ဒေါက်တာဇော်ဦး၊ UMFCCI အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် တာဝန်ရှိသူများ တတ်ရောက်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက Video Conferencing ဖြင့် တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မန္တလေးငလျင်ကြီးခံစားရပြီး နောက်ပိုင်း မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ယခုဖိုရမ်ကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် မတ်လအတွင်းက နိုင်ငံတော်အဆင့် ဖိုရမ်တစ်ခုကို နိုင်ငံတကာပညာရှင်များအပါအဝင် ပြည်တွင်းပညာရှင်များဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုဖိုရမ်မှလည်း နိုင်ငံတော်အတွက် ကောင်းမွန်သည့်ရလဒ်များ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ယခုကျင်းပမည့် ဖိုရမ်သို့လုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူပြည်သူများ ပါဝင်တက်ရောက်ပြီး လက်တွေ့ကျကျ ဆွေးနွေး နိုင်ရန်နှင့် ပြည်သူများ၊ လုပ်ငန်းရှင်များ ပိုမိုပူးပေါင်းဆောင်ရွက်ရန်လည်း ရည်ရွယ်ပါကြောင်း၊ အဆိုပါဖိုရမ်တွင် ကောင်းမွန်သည့် ရလဒ်များဖြင့် တိုင်းပြည်အရွေ့တစ်ခုသို့ ရောက်ရှိစေရေးအတွက်လိုအပ်သည့် ဆွေးနွေးချက်များရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ကြစေ လိုပါကြောင်း ပြောကြားသည်။
အထောက်အကူပြုနိုင်မည်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မန္တလေးငလျင်ဖြစ်ပွားခဲ့သည့်အတွက် အစိုးရ အဆောက်အအုံများ၊ ပုဂ္ဂလိကအဆောက်အအုံများ ပျက်စီးခဲ့ပြီး စီးပွားရေးနှင့်ပတ်သက်၍ လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ထုတ်လုပ်ရေးကဏ္ဍတို့တွင်လည်း ပျက်စီးမှုများ ရှိခဲ့ပါကြောင်း၊ ယခု ဖိုရမ်ကျင်းပခြင်းဖြင့် စီးပွားရေးကဏ္ဍအပါအဝင် ကဏ္ဍအချို့ကို ယခုကျင်းပမည့် ဖိုရမ်မှ ထွက်ပေါ်လာသည့် ရလဒ်များက အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်က ဖိုရမ်ကျင်းပရေးနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်၊ ဆွေးနွေးမည့် ခေါင်းစဉ်များ၊ တက်ရောက်ဆွေးနွေး မည့် ပုဂ္ဂိုလ်များ၊ ဖိတ်ကြားသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကို၊ ဒါရိုက်တာ ဒေါက်တာဇော်ဦး၊ ဒေါ်ခိုင်ခိုင် နွယ်တို့က ဖိုရမ်အောင်မြင်စွာကျင်းပနိုင် ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ် ချက်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
မည်သူမဆိုပါဝင်တက်ရောက်နိုင်
အဆိုပါဖိုရမ်တွင် မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုများ၊ စီးပွားရေး ပြန်လည်ထူထောင်ရာတွင် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ စီးပွားရေး ပြန်လည်ကုစားခြင်းအတွက် စုပေါင်းအဖြေရှာခြင်းဟူသည့် ခေါင်းစဉ် သုံးခုဖြင့် ဆွေးနွေးကြမည်ဖြစ်ပြီး မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စီးပွားရေးလုပ်ငန်းများအား ပြန်လည် ထူထောင်အားကောင်းလာစေရန်၊ ငလျင် ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ပြည်ပဈေးကွက် စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေး ပိုမိုကောင်း မွန်စေမည့်အခွင့်အလမ်းများနှင့် ကြုံတွေ့ရနိုင်သည့်စိန်ခေါ်မှုမျာအား သိရှိနိုင်စေ ရန်၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအခင်း အကျင်းနှင့် ပထဝီစီးပွားရေးအခွင့်အလမ်း များကို သိရှိအသုံးချပြီး ပြည်တွင်းမှ ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်းပေါင်းစည်းမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပမည်ဖြစ်ကြောင်းနှင့် ဖိုရမ်သို့ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။
သတင်းစဉ်