မေ ၂၀
ဗီယက်နမ်နိုင်ငံတစ်ဝန်းရှိဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာချိန် လိုအပ်သောအဆောက်အအုံများ၊ သီးခြားနေရာများနှင့် ဆေးဝါးပစ္စည်းများပြင်ဆင်ထားကြရန် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။
ကုသမှုဧရိယာများနှင့် ကျန်းမာရေးဆေးစစ်မှုအတွင်း ရောဂါကူးစက်မှုအန္တရာယ်ကိုလျှော့ချရန်၊ အထူးသဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုကာကွယ်ရေးအစီအမံများအားကောင်းစေရန် ကျန်းမာရေးဌာနများကို ညွှန်ကြားထားသည်ဟု သိရသည်။
သက်ကြီးရွယ်အိုများ၊ အသည်းအသန်ဖျားနာနေသူများ၊ ရောဂါအခံရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် ရောဂါကူးစက်နိုင်ခြေမြင့်မားသောအုပ်စုများကိုကာကွယ်ရန် အစီအမံများဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက အလေးပေးပြောကြားသည်။
ယခုနှစ် နှစ်စပိုင်းမှစတင်ကာ မြို့နှင့်ပြည်နယ် ၂၇ ခုတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၄၈ ဦးရှိသည်ဟု ထိုဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို