မေ ၂၁

အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်း မဟာရာရှထရာပြည်နယ်တွင် ယမန်နေ့ညနှောင်းပိုင်းက အထပ်လေးထပ်ပါ အဆောက်အအုံဟောင်း တစ်လုံး၏တစ်စိတ်တစ်ပိုင်းပြိုကျမှုကြောင့် ခြောက်ဦးထက်မနည်းသေဆုံးပြီး အခြားခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါမတော်တဆမှုသည် ယင်းအဆောက်အအုံအတွင်း ပြင်ဆင်မှုလုပ်ဆောင်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုအဆောက်အအုံ၏ဒုတိယထပ်မှကွန်ကရစ်ပြားတစ်ချပ် မြေညီထပ်ပေါ်သို့ရုတ်တရက်ပြုတ်ကျမှုဖြစ်ပွားခဲ့သဖြင့်  အောက်တွင် ၁၂ ဦး ပိတ်မိနေခဲ့သည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။ ခြောက်ဦးမှာချက်ချင်းသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

၎င်းမတော်တဆမှုဖြစ်ပွားပြီးနောက် မုတ်သုံရာသီမစတင်မီ ကြိုတင်ကာကွယ်မှုစီမံချက်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် အဆောက်အအုံတွင်း နေထိုင်သူများအား အဆောက်အအုံဆိုင်ရာ စစ်ဆေးမှုကိုရယူရန် သတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို