မေ ၂၂

ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းတွင် ကျောင်းကားတစ်စီး ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်လေးဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုသည် အိန္ဒိယအကြမ်းဖက်သမား၏တိုက်ခိုက်မှုဖြစ်သည်ဟု ဝန်ကြီးချုပ် ရှီရှ်ဘတ်ရှာရစ်က ဆိုသည်။

ထိုဖြစ်ရပ်သည် ဘာလိုချီစတန်ပြည်နယ်တွင် ယမန်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စာသင်ကျောင်းသို့ဉီးတည်သွားနေသော ယင်းဘတ်စ်ကားပေါ်တွင် ကျောင်းသားဦးရေ ၄၀ ကျော် တင်ဆောင်လာသည်ဟု ဒေသဆိုင်ရာအစိုးရက ပြောကြားသည်။

ထိုတိုက်ခိုက်မှုတွင် ဖောက်ခွဲရေးပစ္စည်းများကို အသုံးပြုခဲ့ဖွယ်ရှိသည်ဟု ကနဦးစုံစမ်းစစ်ဆေးမှုတွင် ဖော်ပြထားသည်။

အိန္ဒိယနှင်ပါကစ္စတန်နိုင်ငံတို့သည် အငြင်းပွားဖွယ်ရာကက်ရှ်မီးယားဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားချိန်က စတင်ကာ စစ်ရေးအရအပြန်အလှန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသည်။ နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေးကို မေ ၁၀ ရက်က သဘောတူညီခဲ့ကြသော်လည်း နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုများတိုးလာမည်ကို စိုးရိမ်မကင်းဖြစ်နေကြသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို