ဝါရှင်တန် မေ ၂၄

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇွန်လ ၁ ရက်မှစတင်ကာ ဥရောပသမဂ္ဂက ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်း စည်းကြပ်မည်ဟု တွန်းအားပေးလျက်ရှိကြောင်း၊ ဥရောပ သမဂ္ဂအဖွဲ့ကြီးနှင့် စေ့စပ်ညှိနှိုင်းမှုများ မရှိတော့ကြောင်း လူမှုကွန်ရက်မီဒီယာ၌ ထရမ့်က မေ ၂၃ ရက်တွင် ရေးသားခဲ့သည်။

 

သွင်းကုန်အတားအဆီးများနှင့် ငွေကြေးခြယ်လှယ်မှုများကြောင့် ဥရောပသမဂ္ဂနှင့် အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုမှာ လက်ခံနိုင်ဖွယ်ရာမရှိဟု ၎င်းကဆက်ပြောသည်။ ဥရောပသမဂ္ဂသည် အမေရိကန်ထံမှ အားသာချက်များကိုရယူနေပြီး သဘောတူညီ ချက်ရရှိအောင် ပြုလုပ်တော့မည် မဟုတ်ဟု ၎င်းက ဝါရှင်တန်ရှိ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

ဥရောပသမဂ္ဂ ခေါင်းဆောင်များသည် မူဘောင်အသစ်တစ်ခုကို အဆိုပြုခဲ့သည်ဟု အမေရိကန် မီဒီယာဖြစ်သည့် ဘလွန်းဘာ့ဂျ်တွင်ဖော်ပြထားသည်။ လယ်ယာထွက်ကုန်နှင့် စက်မှုလုပ်ငန်းသုံး ကုန်စည်အချို့အပေါ် အကောက်ခွန်များ တဖြည်းဖြည်းချင်းလျှော့ချရန် နှစ်ဖက်စလုံးက တောင်းဆိုမည့် အစီအစဉ်ဖြစ်သည်။ အမေရိကန်တွင် ထုတ်ကုန်များ တိုးမြှင့်ရန် ထရမ့်၏ကြိုးပမ်းမှုမှာ နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် အပ်ပဲပေါ်တွင် သက်ရောက်မှုရှိလာကြောင်း သိရသည်။

 

 အပ်ပဲကုမ္ပဏီသည် ၎င်း၏ကုန်ပစ္စည်း များကို အမေရိကန်တွင် ထုတ်လုပ်ရန်နှင့်ထိုသို့ မပြုလုပ်ပါက အခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ် မည်ဟုထရမ့်က ပြောသည်။

 

အင်န်အိတ်ချ်ကေ