မေ ၂၉

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ယမန်နေ့ကပါလက်စတိုင်း ၅၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဂါဇာမြောက်ပိုင်း ဆာတာဝီဒေသတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သတင်းသမားတစ်ဦးအပါအဝင် အခြားအများအပြားထိခိုက်ဒဏ်ရာရရှိပြီး ကိုးဦးသေဆုံးခဲ့ကြောင်းနှင့် ဂျာဘာလီရာဒေသတွင် အမျိုးသမီးတစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးကြောင်း ဖော်ပြထားသည်။

ဂါဇာအလယ်ပိုင်း ဒီရာအလယ်လဘာလာရှ်ဒေသတွင် ခြောက်ဦးသေဆုံး ဂါဇာတောင်ပိုင်း ခန်ယွန်နစ်မြို့တွင် ၂၀ ဦး သေဆုံးပြီး ရာဖာရှ်မြောက်ပိုင်းတွင် ငါးဦးသေဆုံးပြီး အခြား ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဂါဇာမြို့အရှေ့ပိုင်းတွင် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း ၎င်းက ထပ်လောင်းပြောသည်။

မတ်လ ၁၈ ရက်က ဂါဇာဒေသတွင် တိုက်ခိုက်မှုများပြန်လည်စတင်လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်အထိ ပါလက်စတိုင်း ၃၉၂၄ ဦး သေဆုံးပြီး ၁၁၂၆၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဂါဇာအခြေစိုက်ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို