မန္တလေး ၁၁ မတ်

မန္တလေးမြို့ကျုံးပတ်လည်တွင် ဈေးရောင်းချမည့် လက်တွန်းလှည်း ၊ဗန်းရွက်ဈေးသည်များကို ဧပြီလ ၁ ရက်မှ စတင်ကာလိုင်စင်များချထားပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

ကျုံးပတ်လည်တွင်ရောင်းချမည့် လက်တွန်းလှည်း ၊ ဗန်းရွက်ဈေးသည်များ စည်းကမ်းတကျရောင်းချစေရေး ၊ ဈေးရောင်းချသူများအဆင်ပြေစေရေးအတွက် ယခုလို ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

‘တချို့လက်တွန်းလှည်း ဗန်းနဲ့ရောင်းတာတွေရှိတယ်။လုပ်ကိုင်စားသောက်တဲ့သူတွေ အဆင်ပြေစေဖို့ သူတို့ကို လိုင်စင်လုပ်ပေးမယ်။ လိုင်စင်က လာလျှောက်ရမယ်။ စည်းကမ်းချက်တွေပါမယ်။ သူတို့လျှောက်တဲ့နေရာမှာပဲ ရောင်းချရမှဖြစ်ပါတယ်’ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်တီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

လက်တွန်းလှည်း ၊ ဗန်းရွက် ရောင်းချသည့် ဈေးသည်များသည် သတ်မှတ်ထားသည့် ပစ္စည်းများသာ ရောင်းချရမည်ဖြစ်ပြီး မူးယစ်ဆေးဝါး အရက်သေစာများရောင်းချခွင့်ပြုမည် မဟုတ်ကြောင်းသိရသည်။ 

အဆိုပါဈေးသည်များသည် ဧပြီလ ၁ ရက်မှ စတင်ကာ လိုင်စင်လျှောက်ထားနိုင်ပြီဖြစ်ပြီး လိုင်စင်ကြေးမှာ ၅၀ဝ၀ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

သင်္ကြန်ကာလတွင် ကျုံးပတ်လည်မှာ ရောင်းချသည့်ဈေးသည်များသည် လိုက်လံစစ်ဆေးသည့်အခါ လိုင်စင်လျှောက်ထားခြင်းမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

အိမို့မို့ခိုင်