ဆိုးလ်  မေ  ၂၉

 

တောင်ကိုရီးယား     တပ်မတော် လေယာဉ်ပျက်ကျမှုတွင်    အမှုထမ်းလေးဦး     သေဆုံးခဲ့ကြောင်း   ဒေသတွင်းသတင်းစာ   ဂျိုဆွန်း အဲလ်ဘိုက  မေ   ၂၉   ရက်တွင် ဖော်ပြသည်။

 

ပီ- ၃  ရေကြောင်းကင်းလှည့် လေယာဉ်သည် အမှုထမ်းလေးဦးနှင့်အတူ လေ့ကျင့်ရေးပြုလုပ်ရန်အတွက်       အရှေ့ တောင်ပိုင်း ပိုဟန်းမြို့ရှိ      အခြေစိုက်စခန်း တစ်ခုမှ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၃ မိနစ်တွင် ထွက်ခွာခဲ့ပြီး  မွန်းလွဲ ၁ နာရီ ၄၉ မိနစ်ခန့်တွင် တပ်စခန်းအနီး တောင်ကုန်းပေါ်သို့      ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဖြစ်စဉ်အတွင်း အရပ်သား ထိခိုက်သေဆုံးမှုများ   ရှိ၊ မရှိ မသိရသေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

လေယာဉ်အမှုထမ်း အားလုံးကို    မီးလောင်ထားသည့်      ရုပ်အလောင်းများအဖြစ်  တွေ့ရှိခဲ့ပြီး     မီးသတ်တပ်ဖွဲ့က       လေယာဉ်မီးလောင်မှုကို စုပေါင်းငြှိမ်းသတ် ခဲ့ရသည်။ ပျက်ကျခဲ့သည့်လေယာဉ်သည်      မီးလောင်ပျက်စီးသွားခဲ့သည်။

 

ဆင်ဟွာ