တီဟီရန်  မေ  ၂၉

 

အီရန်နိုင်ငံ၏     နျူကလီးယားဖွံ့ဖြိုးမှုအစီအစဉ်နှင့်ပတ်သက်၍  အမေရိကန်နှင့်  ဆွေးနွေးမှုအခြေ အနေအပေါ်မူတည်ကာ      အီရန်နိုင်ငံ၏     နျူကလီးယား      ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်သို့ အပြည်ပြည်ဆိုင်ရာ    အဏုမြူစွမ်းအင် အေဂျင်စီ       (အိုင်အေအီးအေ) အတွက်     အလုပ်လုပ်ကိုင် ပေးနေသည့် အမေရိကန်စစ်ဆေးသူများကို ဝင်ရောက်ခွင့်ပေးသွားနိုင်ဖွယ်ရှိသည်ဟု အီရန်က ပြောသည်။

 

ပြီးခဲ့သည့် ဆွေးနွေးမှုအတွင်း အီရန်နိုင်ငံ၏ ယူရေနီယံ သန့်စင် မှုကို ရပ်တန့်ရန် ထရမ့်အစိုးရအဖွဲ့ ကတောင်းဆိုခဲ့သည်။   အဆိုပါတောင်းဆိုမှုကို   အီရန်နိုင်ငံဘက်က ပယ်ချခဲ့သည်။

 

အီရန်နိုင်ငံ၏ တောင်းဆိုချက် များကို  လိုက်နာပါက  ကုလသမဂ္ဂ နျူကလီးယား    စောင့်ကြည့်ရေး အဖွဲ့မှ     အမေရိကန်စစ်ဆေးသူ အရာရှိများကို အီရန်နျူကလီးယား စက်ရုံများသို့ ဝင်ရောက်ခွင့်ပြု ရေး ပြန်လည်စဉ်းစားသွားမည်ဟု အီရန်အဏုမြူ     စွမ်းအင်အကြီးအကဲ မိုဟာမက် အက်စလာမီက မေ ၂၈ ရက်တွင်  သတင်းထောက်များကို ပြောသည်။

 

နှစ်နိုင်ငံအကြား သဘောတူညီ ချက်တစ်ခုရရှိပါက      အိုင်အေအီးအေ၏    ခိုင်မာပြီး     တိကျမှု ရှိသည့်      စုံစမ်းစစ်ဆေးမှုသည် မဖြစ်မနေ လိုအပ်မည်ဖြစ်ကြောင်း အိုင်အေအီးအေ၏        ညွှန်ကြားရေးမှူးချုပ်   ရာဖယ်ဂရောဆီက သတင်းထောက်များကို ပြောသည်။

 

အဖြေရရှိရန်    အလွန်နီးစပ်နေပြီဟု အမေရိကန်သမ္မတထရမ့် က  သတင်းထောက်များကို မေ ၂၈ ရက်က ပြောသည်။ အီရန်နိုင်ငံ ၏ နျူကလီးယား ဖွံ့ဖြိုးတိုးတက်မှု ကို     အမေရိကန်နှင့်အစ္စရေး နိုင်ငံတို့က  ဟန့်တားလိုသည်။           

 

အင်န်အိတ်ချ်ကေ