နေပြည်တော် မေ ၃၁

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ပြန်လည်ပြုပြင်နေမှု အခြေအနေများနှင့် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ကြီးရုံး၊ တပ်ဖွဲ့၊ ဦးစီးဌာနများမှ ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် မိသားစုဝင်များ ပြောင်းရွှေ့နေထိုင်နိုင်ရေး ယာယီဘာရှာအဆောက်အအုံများနှင့် CONTAINER HOUSE များ နေရာချထား တပ်ဆင်တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ ရုံးအမှတ် (၄၅)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲရေးချုပ်ရုံးအနီး မြေကွက်လပ်၌ တည်ဆောက်လျက်ရှိသည့် ယာယီဘာရှာအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများနှင့် ရုံးအမှတ်(၁၀)အနီး မြေကွက်လပ်၌ တည်ဆောက်လျက်ရှိသည့် ယာယီဘာရှာအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ မှုခင်းဆိုင်ရာ DNA ဌာန ရုံးဝင်းအတွင်း မြေကွက်လပ်၌ ယာယီဘာရှာ အဆောက်အအုံများ တည်ဆောက်နေမှုအခြေ အနေများကိုလည်းကောင်း ဒက္ခိဏသီရိမြို့နယ် ကျောက်မျက်အချောထည် ဈေးအတွင်းရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပိုင်မြေနေရာ၌ CONTAINER HOUSE များ တပ်ဆင်ဆောက်လုပ်နေမှု အခြေအနေများကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာရှိ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေး ဌာနခွဲဝင်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာအဆောက် အအုံများနှင့် တပ်ဆင်ဆောက်လုပ်ဆဲ CONTAINER HOUSE များ တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အသေးစိတ် လိုက်လံရှင်းလင်း တင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရုံးအဆောက်အအုံ ပြန်လည်ပြုပြင်ရာ၌ SOP နှင့်အညီ သတ်မှတ်အရည်အသွေး စံချိန်စံနှုန်းပြည့်မီစေရေး၊ ယာယီဘာရှာအဆောက် အအုံများနှင့် CONTAINER HOUSE များ၌ ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်စွာ ရရှိအသုံးပြုနိုင်ရေး၊ အဆောက်အအုံများ ပတ်လည်တွင် ရေဝပ်မှုမရှိစေရေး ရေနုတ်မြောင်းများစနစ်တကျ တူးဖော်ပေးရန်၊ မြေသားလမ်းများအား ဗြုန်းမြေသားထပ်ပိုး၍ စနစ်တကျ ခင်းကျင်း ဆောင်ရွက်ပေးရန်နှင့် တည်ဆောက် မှုလုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် ဖြည့်စွက်မှာကြားကာ လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်