ဆိုးလ် ဇွန် ၁
တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမတိုင်မီ အာဏာရပါတီနှင့် အတိုက်အခံပါတီများမှ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ဇွန် ၁ ရက်က လှည့်လည် ပြုလုပ်သည်။
ဇွန် ၃ ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်နှစ်ဦးမှာ အကြီးဆုံးအတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ လီဂျယ်မြောင်နှင့် အာဏာရ ပြည်သူ့အင်အားပါတီမှ ကင်မွန်းဆူးတို့ ဖြစ်သည်။
လီဂျယ်မြောင်က ဘူဆန်နှင့်ဒယ်ဂူးဒေသများသို့ သွားရောက်ခဲ့ပြီး နိုင်ငံအတွင်း သဘောထားကွဲလွဲမှု များကို ကျော်လွှားရာတွင် အားလုံးညီညွတ်ရေးကူညီမည်ဖြစ်ကြောင်း၊ ဒေသန္တရစီးပွားရေးကို အရှိန်မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခု တည်ထောင်ခြင်းကဲ့သို့သော နည်းလမ်းများဖြင့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ရှင်သန်စေမည်ဟု ကတိပြုထားသည်။ကင်မွန်းဆူးက မြို့တော် ဆိုးလ် အပါအဝင် ယခင်က မြို့တော်ဝန်အဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ဂယောင်းဂီးပြည်နယ် စသည့် ဒေသများသို့ သွားရောက်ခဲ့သည်။
၎င်းက တက္ကသိုလ်ကျောင်းသားများ အလုပ်ရှာဖွေရခက်ခဲနေသည့် အခြေအနေကို ဖြေရှင်းပေးမည် ဟု ကတိပြုခဲ့ပြီး မြို့ပြသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသည်။ အင်န်အိတ်ချ်ကေ