ဂါဇာစီးတီး ဇွန် ၁
ဟားမတ်စ်အဖွဲ့သည် အမေရိကန်နိုင်ငံက အဆိုပြုထားသည့် အပစ်အခတ်ရပ်စဲရေး အစီအစဉ် ကို အပြုသဘောဖြင့် တုံ့ပြန်ခဲ့ကြောင်း သိရသည်။
အမေရိကန်၏ အဆိုပြုချက်တွင် ဟားမတ်စ်က ဓားစာခံ ၁၀ ဦးကို နှစ်ကြိမ်ခွဲကာ ပြန်လွှတ် ပေးရန်နှင့် ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးကို တောင်းဆို မည်ဟုပါရှိသည်။ အမေရိကန်၏ အဆိုပြုချက်ကို အစ္စရေးက လက်ခံထားပြီးဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားသည်။
ဓားစာခံများ ပြန်လွှတ်ပေးရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဟားမတ်စ်က ဓားစာခံ ၁၀ ဦးကို သုံးကြိမ်ခွဲကာ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဟားမတ်စ်၏ တုံ့ပြန်ပြောကြားချက်ကို အာရပ် မီဒီယာများက သတင်းဖော်ပြသည်။ လက်ရှိအချိန်ထိ မည်သည့် သဘောတူညီချက်မျှ မရရှိသေးပေ။
ဟားမတ်စ်အနေဖြင့် ရက် ၆၀ ကြာအပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို အမြန်ဆုံး လက်ခံသင့်ကြောင်း အမေရိကန်အရှေ့အလယ်ပိုင်း အထူးသံတမန်စတီးဗ်ဝတ်ကော့ဖ်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသည်။
ယခုရက်အနည်းငယ်အတွင်း အစ္စရေးတပ်မတော် က ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်မှုများ ဆင်နွှဲလျက်ရှိသည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း လူ ၆၀ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။
မေ ၃၁ ရက်တွင် အစ္စရေးနိုင်ငံ၏ စီးပွားရေးမြို့တော် တဲလ်အဗစ်၌ ပြည်သူထောင်ပေါင်းများစွာတို့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေး သဘောတူညီ ချက် တစ်ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် အစ္စရေးနှင့် ဟားမတ်စ်တို့ကို ဆန္ဒထုတ်ဖော် သူများက တောင်းဆိုခဲ့ကြသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်