မော်စကို ဇွန် ၁
ရုရှားနိုင်ငံ Bryansk Oblast ဒေသတွင် မေ ၃၁ ရက်က ခရီးသည် ၃၈၈ ဦးစီးလာသည့် ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားရာ ခရီးသည် ခုနစ်ဦး သေဆုံးကြောင်း Bryansk Oblast ဒေသ အုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ဗိုဂိုမတ်စ်က ပြောကြားသည်။
ခုတ်မောင်းနေသည့်ရထားပေါ်သို့ရထားလမ်းအပေါ်တွင်တည်ရှိသည့် လူသွားတံတားပြိုကျမှု ကြောင့် ရထားလမ်းချော်တိမ်းမှောက်ခြင်းဖြစ်သည်ဟု အလက်ဇန်းဒါး ဗိုဂိုမတ်စ်က Rossiya 24 ရုပ်မြင် သံကြားချန်နယ်သို့ ပြောကြားသည်။ ကလီမော့ဗ်မှ မော်စကိုသို့ထွက်ခွာလာသည့် ခရီးသည်တင် ရထားသည် Vygonichsky ခရိုင်အရောက်တွင် လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရကြောင်း မော်စကို ရထားလုပ်ငန်းက ပြောကြားသည်။ ပဏာမစစ်ဆေးချက်အရ ဒဏ်ရာရရှိသူ ၃၅ ဦးဟု သိရှိခဲ့ရသော်လည်း နောက်ပိုင်းတွင် ဒဏ်ရာရရှိသူ ၆၆ ဦးအထိ ရှိလာကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အခြားဖြစ်စဉ်တစ်ခုတွင်လည်း ရုရှားနိုင်ငံ Kursk ဒေသရှိ အဝေးပြေးလမ်းမကြီးပေါ်ရှိ မီးရထားတံတားတွင် ပေါက်ကွဲမှုဖြစ်ပွားရာ ၎င်းတံတားပေါ်တွင်ဖြတ်သန်းနေသည့် ကုန်ရထား ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ