ဇွန် ၂

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၅ ခုနှစ် မေ ၁၄ ရက်နေ့အတွင်းဖြစ်ပွားသော ယာဉ်မတော်တဆမှုများကြောင့် ၄၃၂၈ ဦး သေဆုံးပြီး အခြား ၅၃၀၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားအဆင့်ယာဉ်အန္တရာယ်ဘေးကင်းရေးကော်မတီက ဖော်ပြထားသည်။

အဆိုပါယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုသည် လွန်ခဲ့သောနှစ်အလားတူကာလက ထိခိုက်သေဆုံးမှုအရေအတွက်ထက် သိသိသာသာကျဆင်းမှုရှိလာသည်ဟု ထိုကော်မတီရုံး၏အကြီးအကဲဖြစ်သူက ပြောကြားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့တွင်ဖော်ပြထားသည်။

ယာဉ်မတော်တဆဖြစ်မှု ၇၇၈၁ ကြိမ်ရှိပြီး သေဆုံးသူ ၄၂၇၇ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၂၉၂ ဦး ရှိသည်ဟု သိရသည်။

ယာဉ်မတော်တဆဖြစ်ပွားမှုများနှစ်စဉ်လျော့ကျလျက်ရှိရာ ယာဉ်မတော်တဆဖြစ်ပွားမှု ၂၅ ဒသမ ၃၁ ရာခိုင်နှုန်း၊ သေဆုံးမှု ၅ ဒသမ ၅၆ ရာခိုင်နှုန်းနှင့် ထိခိုက်ဒဏ်ရာရမှု ၃၄ ဒသမ ၇၂ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို