နေပြည်တော် ဇွန် ၂
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများ နှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်း မြို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သောတပန်ရပ်ကွက် နန်းဦးမြို့သစ် ပိုးတန်းရပ်ကွက် နှင့် ရွာထောင်ရပ်ကွက်တို့အတွင်းရှိ ကျောင်းတိုက် များ၊ စေတီများ၊ သာသနိကအဆောက်အအုံများနှင့် လမ်းကြီး၏ လမ်းဘေးဝဲ/ယာ ပြိုကျပျက်စီးနေ သော အပျက်အစီးများကို စက်ယန္တရားအင်အားများ တိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်း နေမှုများ၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော် အား ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှု အခြေ အနေနှင့် အပျက်စီးများကို စက်ယန္တရားများ အသုံး ပြု၍ ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)အားကစား ခန်းမ၌ စစ်ကိုင်းမြို့ သံဃာတော်များ၊ သီလရှင် များနှင့် လူပုဂ္ဂိုလ်များအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက် ပေးနေမှုများနှင့် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သော ဝေ ဘောလုံးပွဲကြည့်စင်အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ပြည်သူ့ ဆေးရုံ ကြီးသို့သွားရောက်၍ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာန၊ အရိုးထိခိုက်ဒဏ်ရာကုဌာနတို့ရှိ လူနာများအား သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိSky Villa ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ရှင်းလင်းရန်ကျန်ရှိသည့် “ A " ဆောင်အား ဖယ်ရှား ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ဖြိုဖျက်ပြီးသော အဆောက်အအုံနေရာများတွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှု၊ ဖယ်ရှားရှင်းလင်းနေမှု၊ Sky Sky Villa အဆောက်အအုံ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းရာမှ ရှာဖွေ တွေ့ရှိသောပစ္စည်းများကို ပစ္စည်းလက်ခံရှာဖွေ ရှိ ဖွေ စုဆောင်းရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ် တကျအပ်နှံမှု၊ ထိန်းသိမ်းထားရှိမှုနှင့် သက်ဆိုင်ရာ ပိုင်ရှင်များ လက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်မှု များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ သွားရောက်၍ အပျက်အစီးများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှု၊ ဘုရားကြီးအား ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်စဉ် အန္တရာယ်ကင်းရှင်းစေရေး စမြင်နေရာများအား ယာယီဒေါက်တိုင်ထောက်ခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှုနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးမြို့ အမရပူရမြို့နယ် မှန်တန်းရပ်ကွက် မေဃဝန်ဘုန်းတော်ကြီးကျောင်း၊ မေဃဝန် ဘုန်းတော်ကြီးကျောင်း၊ ကွမ်းသီးတန်းရပ် ကွမ်းသီးတန်းရပ်ရှိ ဆုတောင်းပြည့်မြတ်စွာဘုရား၊ ဈေးချို ရပ်ကွက်ရှိ ငလျင်ဒဏ်သင့် ကျွန်းကျောင်းစတုဘုမ္မိက မဂ္ဂင်ရိပ်သာကျောင်းတိုက်နှင့် ဆုတောင်းပြည့် ကျောက်ကာစေတီ ဦးလင်းဘုရား၌ တပ်မတော်သား များက အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှု၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ပြန်လည်သိမ်းဆည်းရရှိသော ဌာပနာတော် ပစ္စည်းများ စနစ်တကျသိမ်းဆည်း ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများ သည် ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်း (မြို့မ)နှင့် ဆူးကုန်း ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတို့၌ ကျောင်းများစတင်ဖွင့်လှစ်၍ ပညာ သင်ကြားနေမှုများကို သွားရောက်ကြည့်ရှုပြီး G-12 ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ များကို အားပေးစကားပြောကြားသည်။ ထို့နောက် ကျောက်ဆည်မြို့နယ် တံစိုးကျေးရွာရှိ အစိုးရစက်မှု လက်မှုသိပ္ပံ(ကျောက်ဆည်)၌ ငလျင်ဒဏ်ကြောင့် ရပ်တန့်ခဲ့ရသော စာမေးပွဲအား ပြန်လည်ဖြေဆိုနေမှု များနှင့် ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်ရှိငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိယာယီလိုင်းခန်း (၃)ခန်းတွဲများ ဆောက်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ကျောက်ဆည်မြို့ လမ်းဦးစီးရိပ်သာ ၌ပြုလုပ်သည့် “ရေဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး"သို့ တက်ရောက် ၍ မြို့နယ်အလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ က သဘာဝဘေးကယ်ဆယ်ရေးအတွက် လူ၊ စက်၊ ယန္တရားများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပြင်ဆင် စုဖွဲ့ထားရှိမှုများတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားသည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့ မီးသတ်ဦးစီး ဌာန၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်အနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များ များ ဆောင်ရွက်နိုင်ရေး လူ၊ လူ၊ ယာဉ်၊ ယန္တရားများနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသင့် စုဖွဲ့ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး မီးသတ်တပ်ဖွဲ့ဝင်များအား စားသောက် ဖွယ်ရာများပေးအပ်ကာ ကျောက်ဆည်မြို့ ငှက္ကတောင် ကျေးရွာအုပ်စု တောင်နံ့သာကွက်သစ်ရပ်ကွက်ရှိ သာမဏေကျော် စာသင်တိုက်သို့ သွားရောက်၍ သံဃာတော်များအား ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်း များ ဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်