နေပြည်တော် ဇွန် ၃

 

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရ ှိဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးနှင့် သာသနိက အဆောက်အအုံများ ဘက်စုံပြုပြင်မွမ်းမံပြင်ဆင် ခြင်း လုပ်ငန်းများအတွက် ဆရာတော်ကြီးများအား လျှောက်ထားခြင်းနှင့် ဆုံးမဩဝါဒခံယူခြင်းကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ် ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးသက်ပုံ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာကြသူ များက သီတဂူဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန် ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ နှင့် တာဝန်ရှိသူတစ်ဦးတို့က ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို တပ်မတော်သားများ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် များနှင့် စေတနာရှင် ပြည်သူများက စုပေါင်းဖယ်ရှား ရှင်းလင်းပြီးစီးမှုများနှင့် ဘက်စုံပြုပြင် မွမ်းမံ ပြင်ဆင်တည်ဆောက်မည့် လုပ်ငန်းအစီအမံများကို ဆရာတော်ကြီးများထံ ရှင်းလင်းလျှောက်ထား တင်ပြကြပြီး ဩဝါဒခံယူခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်