ပြည် ဇွန် ၃
ပြည်မြို့ ခေတ္တရာရတနာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက အပတ်စဉ်(၃၁) သူနာပြုသားဖွား သင်တန်း သား သင်တန်းသူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်သည်။
ဦးစွာ သင်တန်းသား သင်တန်း သူများက “ပျူအက” ဖြင့် အခမ်း အနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွင်း ကျေးလက် အစွန်အဖျား ဒေသများအထိတိုးမြှင့် လွှမ်းခြုံမှု ပေးနိုင်ရေး အလေးထား ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် သင်တန်းသားများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး သင်တန်းကျောင်းများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင် ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြုသားဖွားများ၏ ကဏ္ဍသည် အလွန်အရေးကြီး ပြီး ကျန်းမာရေး မြှင့်တင်မှုပေးခြင်း၊ ရောဂါကာကွယ်ခြင်း၊ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုပေး ခြင်းနှင့် ပြည်သူ့ကျန်းမာရေး - လုပ်ငန်းများတွင်လည်း အဓိက တာဝန်ယူ ထမ်းဆောင်နေကြသူ များပင်ဖြစ်ကြောင်း၊ သင်တန်း သား သင်တန်းသူများအနေဖြင့် ပြည်သူ့အကျိုးပြု သူနာပြုကောင်း များဖြစ်အောင် စာတွေ့/လက်တွေ့ ကို မျက်ခြည်မပြတ် ဆည်းပူး လေ့လာပြီး ဒီပလိုမာအဆင့်မှ ဘွဲ့ကြိုသိပ္ပံဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာ၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့များကို ပြည်တွင်းသာမက ပြည်ပအထိပါ တက်လှမ်းရယူနိုင်ရေး ကြိုးစား ကြစေလိုကြောင်း၊ သင်တန်းက ချမှတ်ထားသည့် စည်းကမ်းများ ကို လိုက်နာပြီး စံပြသူနာပြု/သားဖွားဆရာ/ ဆရာမကောင်း များဖြစ်အောင် ကြိုးစားသွား ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနာက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အပတ်စဉ် (၂၈) ၊ (၂၉) ၊ (၃၀) ၊ (၃၁) ၊ သူနာပြုနှင့် သားဖွားသင်တန်းပထမ ပညာ ရည်ချွန်ဆုရရှိသူများအား ဂုဏ်ပြု လက်မှတ်နှင့် ဂုဏ်ပြုဆုအား ပေးအပ်သည်။ ထို့နောက်သူနာပြု နှင့် သားဖွားသင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးက ဦးဆောင်း အပ်နှင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းပေး ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးများက သူနာပြုနှင့် သားဖွားသင်တန်းအပတ်စဉ် (၂၈)၊ (၂၉)၊ (၃၀)နှင့် (၃၁) တို့မှ ဒုတိယ၊ တတိယပညာရည်ချွန်ဆု ရရှိသူ များအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေ တင်ဆက်ခဲ့သည့် သင်တန်းသား သင်တန်းသူများနှင့် သင်တန်း ကျောင်းအတွက် သီးခြားဂုဏ်ပြု ငွေများ ချီးမြှင့်ပေးအပ်ပြီး သင်တန်း သား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)