ဂါဇာ ဇွန် ၃
စားရေရိက္ခာဖြန့်ဖြူးပေးရေး စင်တာတစ်ခုအနီးတွင် အစ္စရေး၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂၇ ဦး သေဆုံးပြီး ၉၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ဂါဇာကမ်းမြောင်ရှိ ဒေသကျန်းမာရေး အာဏာပိုင် များက ဇွန် ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် ဂါဇာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖောင်ဒေးရှင်းသည် ပြီးခဲ့သည့်သီတင်းပတ်မှစတင်ကာ စားရေရိက္ခာများ ဖြန့်ဖြူးပေးလျက်ရှိ ကြောင်း သိရသည်။ အစ္စရေးကာကွယ်ရေးတပ်မတော် (အိုင်ဒီအက်ဖ်)က အစားအသောက် ဖြန့်ဖြူးပေးရေးနေရာဝန်းကျင်တွင် ၎င်းတို့တပ်ဖွဲ့ဝင်များထံ ဦးတည်ရွေ့လျားလာနေသည့် သံသယရှိသူအများအပြား တွေ့ရှိခဲ့ကြောင်း ပြောသည်။
ထို့နောက်တွင် တပ်ဖွဲ့ဝင်များက သတိပေးခြောက်လှန့်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ သံသယရှိသူများမှာ နောက်ပြန်ဆုတ်ခြင်း မရှိသည့်အတွက် နောက်ထပ်ပစ်ခတ်မှုများ လုပ်ဆောင် ခဲ့ရခြင်းဖြစ်ကြောင်း အိုင်ဒီအက်ဖ်က ဆက်ပြောသည်။
ဇွန် ၃ ရက်က ဂါဇာကမ်းမြောင်တောင်ပိုင်း ခန်းယူနစ်မြို့ နာဆာဆေးရုံ၌ ရိုက်ယူထားသော ရုပ်သံဖိုင်တွင် ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ်များနှင့် ရုပ်အလောင်းများကို ဆေးရုံသို့သယ်ဆောင် လာကြောင်းကို တွေ့ရသည်။
အင်န်အိတ်ချ်ကေ